About Us


ကျော်ချမ်းသာ ကုမ္ပဏီကို ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ ရက် နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ရေလုပ်ငန်း၊ ရေခဲထုတ်လုပ်ခြင်း၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းများနှင့် ကုန်သွယ်မှု လုပ်ငန်းများကို ယခုချိန်ထိ ဦးစားပေးလုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် Motul Engine Oil ကို တနင်္သာရီတိုင်းဒေသကြီးကိုယ်စာလှယ်အဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး ကျော်ချမ်းသာ ကုမ္ပဏီတွင် အသုံးပြုလျက်ရှိသော ငါးဖမ်းသင်္ဘောများ၊ ရေခဲစက်များ၊ လျှပ်စစ်ဓာတ်အားပေးမီးစက်များ နှင့် သယ်ယူပို့ဆောင်ရေး ယာဉ်ယန္တရားများတွင် အသုံးပြုခဲ့ရာတွင် ထူးခြားကောင်းမွန်သော အရည်အသွေးရှိသော စက်ချောဆီဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ် စတင်၍ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်ရယူ တင်သွင်းခဲ့ပြီး ယနေ့ စက်ဆီချောဆီ ဈေးကွက်အတွင်းသို့ မြန်မာနိုင်ငံနှင့် ကိုက်ညီပြီး အရည်အသွေးပြည့်ဝသော စက်ဆီချောဆီများကို တွင်ကျယ်စွာဖြန့်ချီလျှက်ရှိပါသည်။

Core Values

Kind

We believe that everyone has their own dignity and we will treat each other with empathy, compassion and respect.

Communication and Cooperation

We believe that every information and teamwork can make us grow and we embrace these values.

Transparency and Trust

We believe that always telling the truth is the key to success and also it protects any other faults.

Vision, Mission, Slogan

Vision

To be a socially responsible, trustworthy and reliable partner for Myanmar.

Mission

To be the efficient and effective engine oil provider in Myanmar.

Slogan

“One team, One Family for a better future”

About Motul


MOTUL သည် ၁၈၅၃ ခုနှစ်တွင် နယူးယောက်မြို့swan & finch company အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ထိုစဉ်ကတည်းကပင် အရည်အသွေးမြင့် စက်ချောဆီကိုသာ တစိုက်မတ်မတ် အာရုံစူးစိုက်ထုပ်လုပ်ခဲ့ဖြင်းဖြစ်သည်။

၁၉၂၀ ခုနှစ်တွင် နိုင်ငံတကာ စက်ချောဆီဈေးကွက်သို့ ဝင်ရောက်ပြီး စက်ချောဆီတင်ပို့ခြင်း လုပ်ငန်းကိုစတင် ဆောင်ရွက်ခဲ့သည်။ ထိုအခါက Swan & Finch Company လက်အောက်တွင် စက်ချောဆီ Motul အပြင် Aerul, Textul ဟူ၍ Brand များလည်းရှိခဲ့သည်။ ထိုနောက် ၁၉၅၃ ခုနှစ် တွင် Swan & Finch သည် ဆယ်စုနှစ်တစ်ခုဖြတ်သန်းပြီး နောက်တွင် Motul ၏ ရာစုနှစ် Products Series ဖြင့် ကမ္ဘာ့ပထမဦးဆုံး Multi-grade နည်းပညာသုံး အင်ဂျင်ဝိုင်ကို ဥရောပတိုက်အတွက် ပထမဆုံး စတင်မိတ်ဆက်သော စက်ချောဆီ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့သည်။

ထိုနောက် ၁၉၆၆ ခုနှစ်တွင် Motul ၏ 2100 ရာစုနှစ် Products Series အသစ်ထပ်မံထွက်ပေါ်လာခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး semi-synthetic နည်းပညာသုံး အင်ဂျင်ဝိုင်အမျိုးအစားကို ထပ်မံမိတ်ဆက်ခဲ့ပြီး ဓာတုဗေဒ နည်းပညာများထည့်သွင်း အသုံးပြုသော စက်ချောဆီဖြစ်လာ သဖြင့် အခြားပုံမှန် Mineral စက်ချောဆီများထက် အရည်အသွေး ၁၀ ဆ ပိုမိုမြင့်မားသော စက်ချောဆီဖြစ်လာခဲ့သည်။ ၁၉၇၁ ခုနှစ်အရောက်တွင် 300V ရာစု Products Series အမည့်ဖြင့် ကမ္ဘာ့ပထမဆုံး 100% Synthetic နည်းပညာသုံး စက်ဆီချောဆီအဖြစ် ထပ်မံဆန်းသစ်တီထွင်ခဲ့ပြီး ကမ္ဘာကို ထပ်မံ မိတ်ဆက်ချပြနိုင်ခဲ့သည်။

ထိုနောက် ၁၉၈၀ ခုနှစ်တွင် နိုင်ငံတကာအောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့ပြီး Germany နှင့် Motul Deutschlan တို့ပူးပေါင်းခဲ့သည်။ စပိန်တွင် ၁၉၈၈၊ USA တွင် ၁၉၈၉၊ အီတလီတွင် ၁၉၄၄၊ အာရှပစိပိပိတ်တွင် ၂၀၀၂၊ ရုရားနှင့် ဘရာဇီးတွင် ၂၀၀၅ နှင့် အိန္ဒိယတွင် ၂၀၀၆ စသဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ၂၀၀၁ ခုနှစ် တွင် Motul ၏ နည်းပညာအသင်းကို ထူထောင်ခဲ့ပြီး Industrial Lubricants (လုပ်ငန်းသုံးနှင့် စက်မှုယာဉ်ယန္တရားကြီး) သုံးဘက်သို့ ထပ်မံ၍ အလေးပေးဆောင်ရွက်ခဲ့သည်။

နည်းပညာ ဆန်းသစ်မှု သမိုင်းမှတ်တိုင်များ

  • ကမ္ဘာ့ပထမဆုံး Multi-grade နည်းပညာသုံး အင်ဂျင်ဝိုင် : In 1953s
  • ကမ္ဘာ့ပထမဆုံး Semi-Synthetic နည်းပညာသုံး အင်ဂျင်ဝိုင် : In 1966
  • ကမ္ဘာ့ပထမဆုံး 100% Synthetic နည်းပညာသုံး အင်ဂျင်ဝိုင် : In 1971
  • ကမ္ဘာ့ပထမဆုံး 100% + Ester-core နည်းပညာသုံး အင်ဂျင်ဝိုင် : In 2012

မိတ်ဖက်လက်တွဲ ပူးပေါင်းဆောင်ရွက်မှုများ

MOTUL သည် Synthetic နည်းပညာသုံး စက်ချောဆီ ထုတ်လုပ်မှု ကျွမ်းကျင်သူဖြစ်လာခဲ့ပြီး များစွာသော မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ပြိုင်ပွဲဝင် ကားနှင့် မော်တော်ဆိုင်ကယ် အသင်းများအတွက် စက်ပိုင်းဆိုင်ရာနှင့် စက်ချောဆီပိုင်းဆိုင်ရာ နည်းပညာဖွံ့ဖြိုးမှုအတွက် မိတ်ဖက်အကျိုးတူအကြံပေးလက်တွဲဖော်အဖြစ် ပူးပေါင်းဆောင် ရွက်ခဲ့သည်။ လက်ရှိတွင် Motul သည် နိုင်ငံတကာပြိုင်ပွဲများတွင် တရားဝင်နှင့် မိတ်ဖက်အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အဖက်ဖက်မှပံ့ပိုးပေးလျက်ရှိသည်။ အဆိုပါအဖွဲ့အစည်းများမှာ ပြိုင်ပွဲဝင် မော်တော်ကား နှင့် ဆိုင်ကယ် ပြိုင်ပွဲအဖွဲ့အစည်းများဖြစ်ကြသော : MotoGP, Road racing, Trial, Enduro, Endurance, Superbike, Supercross, Rallycross, World Rally Championship, FIA GT, Le Mans 24 Hours, Spa 24 Hours, Le Mans Series, rally raid, Paris-Dakar, F3, တို့ဖြစ်ကြသည်။ ၁၉၇၇ ခုနှစ်တွင် Motul သည် Road Racing မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွင် Yamaha 350 မောင်းနှင်သူ Takazumi Katayama နှင့် အတူ ကမ္ဘာ့ပထမဆုံး ချန်ပီယံဆု ကို ဆွတ်ခူးရရှိခဲ့သည်။